Home Advisory & Ec Member Objectives of MPHA Activities of MPHA Future Plan of MPHA Contact Us
Activities of MPHA

Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/ideaswc1/public_html/www-myanmarmpha-org/connection.php on line 2
Page Number :  1   2   4   

မသန်စွမ်းသူများအတွက် ကျန်းမာရေးလုပ်ဆောင်ချက်များ

မသန်စွမ်းသူများ၏အဓိကအခက်အခဲသည်လှုပ်ရှားသွားလာရန်မလွယ်ကူမှုပင်ဖြစ်သည်။ မည်သို့သောအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည်ဖြစ်စေ မသန်စွမ်းများအတွက် သွားလာမှုခက်ခဲသဖြင့် အဆိုပါဝန်ဆောင်မှုများအားမရရှိ မခံစားရပါ။ ထိုသို့သော အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှ မသန်စွမ်းသူများထံသို့ အရောက်သွား၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသော ၀န်ဆောင်မှုလုပ်ငန်းအား (၁၃/၉/၂၀၁၂)ရက်နေ့မှ စတင် အကောင်အထည်ဖေါ်ဆောင်လိုက်ပြီဖြစ်ပါသည်။

မသန်စွမ်းကလေးများ၏ အနာဂတ်ဘ၀များ

နိုင်ငံတိုင်း၏အနာဂတ်ကို ပိုင်စိုးမည့်သူများသည် ယခုကလေးများဖြစ်ပါသည်။ မသန်စွမ်းသူများသည်လည်းလူသားအရင်းအမြစ်များဖြစ်ကြ၏။ အနာဂတ်နိုင်ငံတော်အတွက် မသန်စွမ်းကလေးများအားကျန်ရစ်နေခြင်းမရှိစေရန်၊ မသန်သူများ၏ စွမ်းဆောင်နိုင်မှုကို သင့်လျှော်သောကွက်လပ်များတွင် ဖြည့်စွက်နိုင်ပါလျှင် အကောင်းမွန်ဆုံးသော အနာ၈တ်နိုင်ငံတော် ပေါ်ထွန်းလာမည်ကို မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းသည် ယုံကြည်ချက်ပြည့်ဝစွာ အကောင်အထည်ဖေါ်ဆောင်ရွက်နေပါသည်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မန္တလေး တိုင်းဒေသကြီး) နှစ်နှစ်ပြည့်အခမ်းအနား

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မန္တလေး တိုင်းဒေသကြီး) နှစ်နှစ်ပြည့် အခမ်းအနားကို မန္တလေးမြို့ မြို့တော်ခမ်းမတွင်(17/6/2012)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် အစိုးရအဖွဲ့ ၊ တိုင်းအဆင့် ဌာနဆိုင်ရာလူကြီးများ၊ မသန်စွမ်းသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် မသန်စွမ်းသူများအား အထောက်အကူပြုပစ္စည်း ပေးအပ်လှူဒါန်းခြင်း၊ မသန်စွမ်းကျောင်းသား/သူ များအား ပညာသင်စရိတ် ပေးအပ်ခြင်းတို့ကို ပူးတွဲကျင်းပခဲ့ပါသည်။

Opening ceromony of MPHA branch office (Mown)

MPHA branch office had been opened in 26,2,2012 at Mown Region.

Copyright 2011 ~ 2016 MYANMAR Physically Handicapped Association. All right reserved. Powered by IDEA SPACE.